စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာရုံးများသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

လိပ်သို  မတ်  ၁၇

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသနေပြည်သူများ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေ ဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နေ့လည် ၁၁  နာရီခွဲအချိန်က  လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်များ ငှါးရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် Mobile စနစ်ဖြင့်  ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော  ဌာနဆိုင်ရာရုံး ဝန်ထမ်းမိသားစုများ၊ အလွယ်တကူ စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့်  အားလပ်သောအချိန်ကို  စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်တို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊  ဈေးဆိုင်များနှင့် ရပ်ကွက်များသို့ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းကို တစ်လလျှင်သုံးကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုလတွင် ထွေ/အုပ် ရုံးနှင့် အမှတ် (၃) ရပ်ကွက်သို့ သွား‌ရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)