အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နေ့လည် ၁၂ နာရီက မချမ်းဘော့မြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့တို့၌ ဖြန့်ဝေခဲ့သည်။
Mar 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ နွေရာသီအားလပ်ရက်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခြေခံပန်းချီသင်တန်းနှင့် နေ့စဉ်သုံး အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 17,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ကေ့ာကရိတ်မြို့တွင် မော်တော်ယာဥ်များ ဖောင်းကြွနံပါတ်ပြား အသစ်များ အမြန်ပြောင်းလဲတပ်ဆင်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈း၃၀) နာရီအချိန်က ကေ့ာကရိတ်မြို့အဝင် ကြာပန်းဝိုင်းလမ်းဆုံရှိ မြဝတီ-ကေ့ာကရိတ် အာရှလမ်းမ ကြီး၌ တာဝန်ရှိသူများက အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့အား ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းတည့် (၁၂) နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လုံခြုံရေးတာဝန် ကြီးကြပ်ဆောင်ရွက်နေသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့်ကျောင်းဆင်းပွဲ အခမ်းနားကို ယနေ့နံနက် (၉) နာရီက ကျင်းပကြောင်း သိရသည်။
Mar 17,2023
မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်ထားသည့် သမိုင်းဝင်လေးကျွန်းသစ္စာနဂါးမောက်စေတီတော်မြတ်၏ ကုန်းတော်အနီးတွင် သာသနာအလုပ်အ​ကျွေးပြု ရတနာဆင်တော် အ​ဆောင်​တော်အပ်ပွဲ မင်္ဂလာအခမ်းအနားကို ​ယမန်နေ့က သမိုင်းဝင်လေးကျွန်းသစ္စာနဂါးမောက် စေတီတော်မြတ်၏ ကုန်းတော်အနီးရတနာဆင်တော်ထားရှိ​နေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများတက်​ရောက်ခဲ့ကြသည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီက  Book  Club  နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "အမှန်တရားကိုမြတ်နိုးသူ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် မြန်မာစာ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲများကို  ကလေးများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေး တိုးတက်သွက်လက် ထက်မြက်လာစေရန်၊ တစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူပေါင်းလုပ်ဆောင်တတ်စေရန်၊ စိတ်ကူးဉာဏ်ကွန့်မြူး လာတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာ အလယ်တန်းတန်းအဆင့် ကျောင်းသား/သူတို့က စိတ်ပါဝင်စား ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင် ပစ္စည်းများနှင့် မုန့်များပေးဝေခဲ့ကြောင်း သိရသည်။