နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ပြိုင်ပွဲများပြုလုပ်

ရှမ်းရွာသစ်    မတ် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် ကျောင်းသား/သူလူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား /သူများအား ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲနှင့် ပါဆယ်ဂိမ်းပစ်နည်း ပြိုင်ပွဲများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူ(၁၂)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက် ရှည်ကာလတွင် ကျောင်းသား/သူများ အသိပညာ ဗဟုသုတ ရရှိစေရေးနှင့် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ပုံမှန်ဆောင်ရွက်ပေးခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)