နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်

နမ္မတူ မတ် ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည် (၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့်၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် အားဖြည့်အချိုရည် (၁)ဘူးနှုန်း၊ အာဟာရမုန့် (၃)ထုတ်နှုန်းဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇ ဦးတို့အတွက် အားဖြည့်အချိုရည်(၇)ဘူး၊ အာဟာရမုန့်(၂၁)ထုတ်တို့အား ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံက သိရသည်။

လူမော် (ပြန်/ဆက်)