လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု၊ ကညင်တိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်း

လေးမျက်နှာ မတ်လ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု  ကညင်တိုင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းအား (၃)နှစ်ပြည့်ပြီးဖြစ်သောကြောင့် ကျေးရွာကော်မတီ အသစ် ပြန်လည်ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိူးကျေးဇူးများ၊ ကျေးလက်နေ ပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ယခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင် စီမံကိန်းဆောင်ရွက်ခွင့်ရသော ကညင်တိုင်းကျေးရွာတွင် ဆောင်ရွက်မည့် စီမံကိန်းအကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များကို ဆန္ဒမဲစနစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ အဆိုပါကျေးရွာတွင် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို နိုင်ငံတော်မှ ချေးငွေများ မတည်ပေးမည်ဖြစ်သောကြောင့် ကျေးလက် ဒေသရှိဆင်းရဲမှုကို လျှော့ချလာနိုင်မည်ဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)