အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နေ့လည် ၁၂နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။
Mar 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ရုံးချုပ်မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က  အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများနှင့် လုံခြုံရေး တာဝန်ယူနေကြသော တပ်ဖွဲ့များမှ တာဝန်ရှိသူများအား အသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Mar 17,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 17,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ (၂) ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၌  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများအသိပညာပေး နံရံကပ်စာစောင်များကို ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်ယနေ့ (၁၇.၃.၂၀၂၃) ရက်နေ့မှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
Mar 17,2023
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အ.ထ.က-တနင်္သာရီစာ စစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်တ န်းစာမေးပွဲကို မတ်လ၈ရက် နံနက် ၉ နာရီမှ စ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျ ဖြေဆိုလျက်ရှိရာ မတ်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဘာသာရပ်အားလုံး အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (FS)မျိုးစေ့ထုတ်စိုက်ခင်း ဆောင်းသီးနှံ (နေကြာ) ဆင်းရွှေကြာ-၂ စံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အုတ်ရှစ်ကွင်း ကျေးရွာအုပ်စု အုတ်ရှစ်ကွင်းကျေးရွာ တောင်သူဦးအောင်အောင်၏ ကွင်းအမှတ် (၁၆၇၇ )၊ ဦးပိုင်အမှတ် (၅၉/၃) လယ်ယာမြေ နှစ်ဧကတွင် ပြုလုပ်ခဲ့သည်။