ကံမ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့နေ့လယ် ၁၂ နာရီက သမိုင်းဘာသာရပ်အား ဖြေဆိုပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကျင်းပရာတွင် ကံမမြို့နယ်၌ စာစစ်ဌာန(၁)ခုသာရှိပြီး သမိုင်းဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦးရှိပြီး ဖြေဆိုသူ(၁၂၃)ဦးဖြေဆိုခဲ့ရာ ဖြေဆိုမှု(၈၇.၈၆)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)