အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ မနက် ၉ နာရီအချိန်က ချောင်းဦးမြို့နယ်အတွင်းရှိ သီးနှံမျိုးစုံ စိုက်ပျိုးနေသည့် တောင်သူများအား ဖိတ်ကြားပြီး သီးနှံများအထွက်နှုန်းတိုးရန် ရေနည်းကာလ ရေသိုလှောင်စုဆောင်းခြင်းနှင့် ရေချွေတာစိုက်နည်းစနစ်များ အကြောင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Mar 17,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲနှင့် ဂိမ်းကစား ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2023
မွန်ပြည်နယ်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ CB ဘဏ် နှင့် AYA ဘဏ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Mar 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လည် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Mar 17,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား ပညာပေး လက်ကမ်းစာစောင်များကို ယနေ့‌ နေ့လယ် (၁၂)နာရီအချိန်က အ.ထ.က(၁)ကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအား ခရိုင်ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများက  အခမဲ့ ဖြန့်‌‌ဝေပေးခဲ့ကြသည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်က အ.ထ.က(၁)မြန်အောင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား စာမေးပွဲ ဖြေဆိုပြီးချိန်တွင် ဖြန့်ဝေပေးခဲ့ကြသည်။
Mar 17,2023
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်အမှတ်အား တိုင်းရင်းသား မိဘပြည်သူများ အနေဖြင့် လေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်အား ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန အရှေ့သို့သွားရောက်ပြီးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။