ပင်လုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများ အသိပညာပေးနံရံကပ်စာစောင်ပြဘုတ်ပြသဆောင်ရွက်

ပင်လုံ မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၌  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ အချက်ပြများအသိပညာပေး နံရံကပ်စာစောင်များကို ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်ယနေ့ (၁၇.၃.၂၀၂၃) ရက်နေ့မှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါနံရံကပ်ပြဘုတ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဖြစ်သည့် အန္တရာယ်သတိပေးခြင်း လမ်းညွှန်းများ၊ အမိန့်ပေးခြင်းလမ်းညွှန်းများ၊ ဦးစားပေးနှင့်ဦးစားရလမ်းညွှန်းများ၊တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းလမ်းညွှန်းများ၊ အမြန်နှုန်းကန့်သတ်ချက် (ပိုမမောင်းရ) တားမြစ်ကန့်သတ်လမ်းဆုံး၊ ယာဥ်ကျော်မတက်ရ တားမြစ်ကန့်သတ်လမ်းဆုံး၊ ကုန်တင်ယာဉ်ကြီးများ ကျော်မ တက်ရတားမြစ်ကန့်သတ်လမ်းဆုံး အမှတ်အသားများ၊ လက်ဝဲဘက်/လက်ယာဘက်သို့ညွှန်ပြသည့် အန္တရာယ်သတိပေးသ​င်္ကေတ၊  လက်ဝဲဘက်/ လက်ယာဘက်တွင်ရှိသည့် အတားအဆီးကိုဖော်ပြပေးသော အန္တရာယ်သတိပေးအမှတ်အသားများ၊ လက်ဝဲနှင့် လက်ယာ ဘက်တွင်ရှိသည့် အတားအဆီးကိုဖော်ပြပေးသော အန္တရာယ်သတိပေးအမှတ်အသားများ၊ မဖြစ်မနေလိုက်နာရမည့် လမ်းညွှန်းများ၏ ရှင်းလင်းချက်များ ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)