ဆွမ်ပရာဘွမ် မတ် ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က လူငယ်များအနေနဲ့ အင်္ဂလိပ်စာ(Grammar)များကို အချိန်ရှိခိုက် လေ့လာသင်ယူပြီး လက်တွေ့အသုံးချနိုင်ရန်၊ အချိန်ကို အလဟသမဖြစ်စေရေး လုံ့လစိုက် သင်ယူကြရန် အမှာစကား ပြောကြားပြီး သင်တန်းအား မြို့နယ်ကော်မရှင်ဦးစီးမှူး ဦးအေးဇော်အောင်မှ သင်ကြားပို့ချမည်ဖြစ်၍ သင်တန်းသူ၊ သင်တန်းသား၊ ကျောင်းသား၊ ကျောင်းသူများအား မတ်လမှ မေလကုန်အထိ နံနက် ၈နာရီမှ ၉နာရီခွဲထိ တစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် (Grade)7မှ 11ထိ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်ဦးစီးမှူး ဦးအေးဇော်အောင်ထံမှ သိရသည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များက သင်တန်းသူ၊ သင်တန်းသားများအား စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)