ဘုတ်ပြင်း မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ အထက-ဘုတ်ပြင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာ ဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူအား ဘုတ်ပြင်းမြို့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သော်ဇင်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းသား/ကျောင်းသူများကို အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)