လိပ်သို မတ် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ရုံးချုပ်မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများနှင့် လုံခြုံရေး တာဝန်ယူနေကြသော တပ်ဖွဲ့များမှ တာဝန်ရှိသူများအား အသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့ဆောင်းပါးကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇.၃.၂၀၂၂ ရက်နေ့ (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် “ ပြည်သူချစ်တဲ့ တပ်မတော် ” ကဗျာ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃.၇.၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်၊ တပ်မတော်၏ အား (၁၀) ပါးနှင့် ကာတွန်း၊ ဆောင်ပုဒ်တို့ကို ကျောင်းသား/ ကျောင်းသူများ သိရှိနားလည်ပြီး အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် ပြည်ထောင်စု စိတ်ဓာတ်များ ထက်သန်လာ စေရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ခင်လေးနွယ် (လိပ်သို)