ဇလွန် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (FS)မျိုးစေ့ထုတ်စိုက်ခင်း ဆောင်းသီးနှံ (နေကြာ) ဆင်းရွှေကြာ-၂ စံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အုတ်ရှစ်ကွင်း ကျေးရွာအုပ်စု အုတ်ရှစ်ကွင်းကျေးရွာ တောင်သူဦးအောင်အောင်၏ ကွင်းအမှတ် (၁၆၇၇ )၊ ဦးပိုင်အမှတ် (၅၉/၃) လယ်ယာမြေ နှစ်ဧကတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ (FS)မျိုးစေ့ထုတ်စိုက်ခင်း ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး အုတ်ရှစ်ကွင်း ကျေးရွာအုပ်စု အုတ်ရှစ်ကွင်းကျေးရွာ တောင်သူဦးအောင်အောင်၏ လယ်မြေ နှစ်ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် နေကြာ (၁၁)တင်း ထွက်ရှိကြောင်းသိရသည်။ ယမန်နေ့က နန်းတော်ကျွန်း ကျေးရွာအုပ်စု နန်းတော်ကျွန်း ကျေးရွာ တောင်သူဦးသိန်းဌေးဝင်း၏ ကွင်းအမှတ် (၁၇၁၈)၊ ဦးပိုင်အမှတ် (၇/၃) လယ်ယာမြေ တစ်ဧကတွင် ဆောင်းသီးနှံနေကြာ Super Sun - 41 စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် နေကြာ (၅၅.၇၀) တင်း ထွက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ် အနေဖြင့်၂၀၂၃ ခုနှစ်အတွင်း စားသုံးဆီရိက္ခာဖူလုံစေရန်အတွက် ဆီထွက်သီးနှံ ဆောင်းနေကြာကိုစိုက်ပျိုးဧက (၁၃၇၇၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)