မြစ်ကြီးနား မတ် ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ (၂) ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက (Community Centre) ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စာရေးဆရာများပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လမ်ညွှန်မှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးလှဌေးက လူထုအခြေပြုဗဟိုဌာန (Community Centre)၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်း အမျိုးအစားများ ဖွင့်လှစ်ပေးနေမှုများ၊ အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဒေသခံလူ လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် စာရေးဆရာများက ဖြည့်စွက်ဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စာရေးဆရာအကြီးကိုကို(ကသာ) ငွေကျပ် (၃) သိန်းနှင့် ပြည်နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးဘရန်ဒီး ငွေကျပ် (၁) သိန်း၊ စုစုပေါင်းငွေကျပ် (၄) သိန်းကို မြစ်ကြီးနားမြို့ (Community Centre) ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လှူဒါန်းပေးအပ်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)