အ.ထ.က-တနင်္သာရီစာစစ်ဌာနတွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာအားလုံး စနစ်တကျ ဖြေဆိုပြီးစီး

တနင်္သာရီ မတ်လ ၁၇

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အ.ထ.က-တနင်္သာရီစာ စစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်တ န်းစာမေးပွဲကို မတ်လ၈ရက် နံနက် ၉ နာရီမှ စ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျ ဖြေဆိုလျက်ရှိရာ မတ်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဘာသာရပ်အားလုံး အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့ နောက်ဆုံးနေ့ (သမိုင်းဘာသာ)တွင် အတွဲ(၂)မှဖြေဆိုရန် (၁၆)ဦး စာရင်းရှိသည့်အနက် (၁၂)ဦးလာ ရောက်ဖြေဆို၍ (၄)ဦးမှာ ဖြေဆိုရန်ပျက်ကွက်သဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၇၅)ဖြစ်ပြီး ၊ ပျက်ကွက်မှုရာနှုန်းမှာ(၂၅)ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက-တနင်္သာရီစာစစ် ဌာနတွင်အတွဲ(၁)မှာ ဖြေဆိုရန် ကျောင်းသူ/သားပေါင်း (၂၀၈)ဦးစာရင်းရှိသည့်အနက် (၁၄၉)ဦး လာရောက်ဖြေဆိုပြီး၊ အတွဲ(၂)တွင် ဖြေဆိုရန် (၁၆)ဦး စာရင်းရှိသည့်အနက် (၁၂)ဦး လာရောက်ဖြေဆိုကြောင်း၊ အတွဲ(၇)တွင် စာရင်းရှိ(၁၂)ဦးရှိပြီး ပျက်ကွက်သူမရှိကြောင်း၊  သို့ပါ၍ ဖြေဆိုရန် မြို့နယ်ချုပ်စာရင်းရှိ ကျောင်းသူ/သား (၂၃၆)ဦးရှိသည့်အနက် (၁၇၃)ဦးလာရောက် ဖြေဆိုကြပြီး၊ (၆၃)ဦး ဖြေဆိုရန်ပျက်ကွက်သဖြင့် ဖြေဆိုမှုရာနှုန်း မှာ(၇၃.၃၁)ဖြစ်ပြီး ပျက်ကွက်မှုရာနှုန်းမှာ (၂၆.၆၉)ဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးခင်အေးထံက သိရသည်။

ထိုကဲ့သို့ ကျောင်းသူ/သားများ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စနစ်တကျ အဆင်ပြေ အေးချမ်းစွာ ကျင်းပဖြေဆိုနိုင်ရေးအတွက် တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အ စည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးခင်ဇော်တို့က စာစစ်ဌာနအတွင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ၊ အလားတူ အမှတ်(၂)စစ်နယ်မြေမှူး နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/သူများနှင့် စာမေးပွဲကြီးကြပ်ရေးမှူး၊ လ/ထကြီးကြပ်ရေးမှူးများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး အာဟာရဖြည့် အအေးဗူး၊ ကိတ်မုန်ု့နှင့် ရေသန့်ဗူးတို့ကို ဝေငှပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)