အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေး မှုနယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးတစ်ခုဖြစ်သော ကိုးသောင်းပုထိုးတော်ကြီးပွဲတော် ပထမအကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုးသောင်းပုထိုးတော်ကြီး ရင်ပြင်တွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။   
Mar 19,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ တန်ဘောင်ကျေးရွာတွင် (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ရွာတွင်းလမ်း) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယမန်​နေ့ နံနက် (၈)နာရီက ဖွင့်လှစ်ခဲ့သည်။
Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ကမာဖရုံကျေးရွာအုပ်စု၊
Mar 19,2023
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို  မြင်းကဆိပ်ကျေးရွာအုပ်စု ၊ မြင်းကဆိပ်ကျေးရွာ ဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Mar 19,2023
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ နိုင်ငံခြားသားဧည့်သည်တော်များ ကြိုဆိုရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အင်္ဂလိပ်စကားပြောသင်တန်း(Basic& Intermediate Course)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၁၇ မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော  နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို  မတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက  မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 19,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောဒေသရှိ ဓမ္မေခကုန်းမြေ၌ တည်ထားသည့် ဓမ္မရာဇိကအောင်တော်မူစေတီတော်မြတ်ကြီး၏ ရွှထီးတော်တင်လှူပွဲ ပထမနေ့ကို ယမန်နေ့ နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Mar 19,2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယမန်နေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စု စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။