အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Mar 18,2023
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစေ့ပြပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ မြို့နယ်ဥက္ကဌ၊ ဦးမျိုးမင်းသန့်နှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
Mar 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် အသိပညာပေး ဗီနိုင်းပိုစတာဖြင့် ဒေသခံကျောင်းသား/သူ လူငယ်များအား ပြသခဲ့ကြောင်း သိရသည်။
Mar 18,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီက ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာအုပ်စု ဆုတောင်းပြည့် ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက် ကျေးရွာအတွင်း၌ တည်ထားကိုးကွယ် အပ်သော ရှေးဟောင်းဆုတောင်းပြည့် စေတီတော် မြတ်ကြီးအား ရွှေထီးတော်တင်လှူဒါန်းခဲ့သည်။
Mar 18,2023
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက​ရွှေဘိုစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံ၊ သို​လှောင်ရုံများအား ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်ဖွဲ့ဝင်များနှင့် စက်မှုဇုန်တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
Mar 18,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 18,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား လူငယ်များ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့၊ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Mar 18,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စိတ်​ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။