မြစိမ်းရောင်ကျေးရွာ ဂဝံစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ဒိုက်ဦးမြို့နယ် ကမာဖရုံကျေးရွာ ရွာတွင်း လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ဒိုက်ဦး မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ကမာဖရုံကျေးရွာအုပ်စု၊ ကမာဖရုံကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်း (၁၅၅၀×၁၂×၆)ပေ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ(၁၀၀)သိန်းဖြင့် ပြည်သူများမှ လုပ်အား ထည့်ဝင်ကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ(၇၅၂)၊ လူဦးရေ (၃၀၈၆)ဦးတို့အား အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)