အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပူပြင်းခြောက်သွေ့ရာသီဖြစ်ပါ၍ ပြည်သူများ မီးဘေးလုံခြုံရေး သတိရှိစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များမှ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။
Mar 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူး လျှော့ရက်များ ခံစားခွင့်ပြုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်် တာဝန်ရှိသူတို့က ယနေ့ နံနက် (၁၀)နာရီအချိန်တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
Mar 18,2023
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် နွေရာသီ အခမဲ့ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် (၈) နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Mar 18,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊  ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကမ်းသာ ကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ မွန်ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် စီးပွားရေးရာ ဝန်ကြီးနိုင်လယိတမ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ခဲ့သည်။
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး အလုပ်သမားနှင့် ပတ်သက်သည့် အကြောင်း အရာများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည် ရိပ်သာကျောင်းဝင်မုခ်ဦး ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
Mar 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာသင်တန်းကို ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Mar 18,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူ လူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နားသံကျေးရွာ အုပ်စု၊ နောင်ဆိုင်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လမ်းမုခ်ဦးတွင် ကျင်းပသည်။