ကန်ကြီးထောင့် မတ် ၁၉
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို မြင်းကဆိပ်ကျေးရွာအုပ်စု ၊ မြင်းကဆိပ်ကျေးရွာ ဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းအောင် ဦးဆောင် သည့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးချိတ်မီးကပ်များတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့ လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ် စီးနင်းပါက ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ်အလိုက်သန့်ရှင်းရေးများဆောင်ရွက်ရေး၊ Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြစေရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေ ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)