မြောက်ဦးမြို့ ရခိုင်ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး ဗုဒ္ဓပူဇေနိယပွဲတော်ဖွင့်လှစ်

မြောက်ဦး မတ် ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေး မှုနယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးတစ်ခုဖြစ်သော ကိုးသောင်းပုထိုးတော်ကြီးပွဲတော် ပထမအကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုးသောင်းပုထိုးတော်ကြီး ရင်ပြင်တွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။   

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊  ကိုးသောင်း ဘုရားဂေါပက ဥက္ကဌ ဦးမောင်ညွန့်နှင့်အဖွဲ့ဝင်များ ၊မြိုမိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ် ရေး မှူးများ ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊

ထို့နောက်ပထမအကြိမ်မြောက် ကိုးသောင်းပုထိုးတော်ကြီး ဗုဒ္ဓပူဇေနိယပွဲတော်သို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့်ဧည့် ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကြွရောက် လာကြကုန်သောလူ ပရိသတ်များက ဩကာသကထာဖြင့် ဆရာကိုကန်တော့ကြကာ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ ၊သာသနာဓဇ ဓမ္မာစရိယ၊ မဟာ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တာဝါစက ပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ‌ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ လူပရိတ်သတ်များက ငါးပါးသီလဆောက်တည်ကြသည်၊၊ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ပရိတ်ပဌာန်းဒေသနာတော်မြတ်အား ဟောကြားချီးမြှင့်ပြီးတက်ရောက်လာသူများက သံဃာတော်အရှင်သူမြတ်များကို နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက်  လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋာတု ၃ ကြိမ်ရွက်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်၊၊

ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီးမှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက်တစ်မိုင်ခွဲခန့်အကွာတွင်တည်ရှိပြီး အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း  ရခိုင်ဘုရင်  မင်းတိက္ခာက တည်ထားခဲ့သော ပုထိုးတော်ကြီးဖြစ်သည်။ ကိုးသောင်းပုထိုးတော်ကြီး ဗုဒ္ဓပူဇေနိယပွဲတော်တွင် ရခိုင်ရိုးရာကျင်ပွဲများဖြစ်သော အကြီးတန်း၊အလတ်တန်း၊ အငယ်တန်း တို့ဖြင့် ယဉ်ပြိုင်ကြမည်ဖြစ်၍ ရခိုင်ပြည်နယ်အနှံ့မှ ကျင်ဝါသနာရှင်များလာရောက် ယဉ်ပြိုင်လျက်ရှိပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်အမျိုးသမီးလွန် ဆွဲပြိုင်ပွဲတို့လည်း ယဉ်ပြိုင်လျက်ရှိသည့်အပြင်  ညပွဲများအဖြစ် အောင်ပွဲစံဇာတ် သဘင်အဖွဲ့မှ ကပြဖျော်ဖြေသွား မည်ဖြစ်ပြီး ကစားစရာအရုပ်ဆိုင်များ၊ မုန့်ဆိုင်တန်းများနှင့် လေနန်းတော်ကလေးကစားကွင်း တို့ဖြင့် မတ်(၁၈)ရက်နေ့မှ (၂၀) ရက်နေ့အထိ ၃ ညတိုင်တိုင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်း ပလျက်ရှိကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)