Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၃)ပါးအား မြိတ်မြို့နယ်အသင်း (ရန်ကုန်)မှ ဂုဏပူဇာ အလှူတော်ငွေများဖြင့် ဂုဏ်ပြုပူဇော်
Mar 19,2023
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဆရာတော်(၃)ပါးအား မြိတ်မြို့နယ်အသင်း (ရန်ကုန်)၏ ဂုဏပူဇာ အလှူတော်ငွေများဖြင့် ဂုဏ်ပြုပူဇော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့နယ်အသင်း(ရန်ကုန်)၏ အဝေးရောက် အမှုဆောင်များမှ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဆရာတော်များအား ပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင် မန်းရွှေစက်တော်၊ ဘုရားပွဲတော်သည် ယခုနှစ်တွင် အစည်ကားဆုံးနှစ် တစ်နှစ်ဖြစ်ကာ တည်းခိုဆောင်များ ပြည်လျှံသည်အထိ စည်ကားများပြား
Mar 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ပါဒ စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော်လည်း ယခုနှစ်သည် ဘုရားဖူးပြည်သူ အများဆုံး ဝင်ရောက်ဖူးမြော်သည့်နှစ် တစ်နှစ်ဖြစ်သည်။ ယခုရက်ပိုင်းတွင် တစ်နေ့လျှင် ဘုရားဖူးပြည်သူ တစ်သိန်းဝန်းကျင် ဝင်ရောက်လျက်ရှိပြီး အခါကြီး ရက်ကြီးများနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် တစ်သိန်းကျော် ဝင်ရောက် ဖူးမြော်လျက်ရှိကာ ဘုရားပွဲတော်ကျင်းပသည့် နှစ်များအနက် ယခုနှစ်သည် အစည်ကားဆုံးနှစ် တစ်နှစ်ဖြစ်ပြီး တည်းခိုဆောင်များ ပြည့်လျှံသည်အထိ စည်ကားများပြားလျက်ရှိကြောင်း ရွှေစက်တော် ဂေါပကဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-တရုတ် နှစ်နိုင်ငံ ချင်းရွှေဟော်နယ် နယ်စပ်ဂိတ်ပေါက်အနီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Mar 19,2023
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည် စီးဆင်းရာမြို့ဖြစ်ပြီး ယခုအခါ နယ်စပ်ဂိတ်ပေါက်သည် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှု မော်တော်ယာဉ်များနှင့် ခရီးသည်ယာဉ်လိုင်းများ တိုးပွားလာခြင်း တို့ကြောင့် နယ်စပ်ဂိတ်ပေါက်အနီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ဦး ဦးဆောင်၍ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်စိတ်(၁)မှ ရဲအုပ် ကိုသက်နှင့် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးဟိန်းမြတ်ဇော်တို့ လိုက်ပါပြီး ယမန်နေ့နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Mar 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် မိုင်းယောင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့မရပ်ကွက်၌ ဒေသခံပြည်သူများ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဇဝနဗုဒ္ဓ အကယ်ဒမီတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (ဗဟို)မှ ဘဒ္ဒန္တ ဇဝနဝံသမထေရ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် သံဃာတော်အရှင်မြတ် လေးပါးတို့ကို မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော် ချီးမြှင့်ခြင်းမဟာမင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Mar 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် လေးရွာကျေးရွာနှင့် သစ်ခွင်ကျေးရွာ အိမ်အလုံး(၁၀၀) သဘာဝဘေးခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်း၊ ပြုပြင်ရေးလုပ်ငန်းများ ဆေ…
Mar 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ထိရောက်မြန်ဆန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်း၊ စလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်က လေးရွာကျေးရွာနှင့် သစ်ခွင်ကျေးရွာသို့ ကွင်းဆင်း၍ ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးစကားများ ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့
Mar 19,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ မတ်(၁၇)ရက် နံနက်(၈)နာရီ (၅)မီနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည့် ငါးဆူကျေးရွာမှ မီးဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ (၄)နာရီက ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12898
Page
12899
Page
12900
Page
12901
Current page
12902
Page
12903
Page
12904
Page
12905
Page
12906
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department