အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် အိုးဘိုကျွန်း‌ကျေးရွာရှိ ဘုန်း‌တော်ကြီး‌‌ကျောင်းဓမ္မာရုံ၌‌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 19,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ထွက်ကုန်များ လယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ငွေကျပ်(၁၁၂.၅၀)ကျပ်သန်း အကုန်အကျခံကာ ကျေးလက်လမ်း(၄)လမ်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။
Mar 19,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ဆွန်တာနီပဲများ အောင်မြင်ဖြစ်ထွန်း၍ ပဲများရိတ်သိမ်းဆွတ်ခူးချိန် ယခင်နှစ်ကထက် ဆွန်တာနီပဲဈေးပိုရခြင်းကြောင့် စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 19,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်လှိုဏ်ဂူတော် အတွင်း၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ စေတီတော် လှိုဏ်ဂူတော်ကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။
Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/ လူလူနာ(၁၅၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။
Mar 19,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ယမန်နေ့ ညနေ(၆)နာရီ (၁၅)မိနစ်ခန့်က အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်လာပြီး မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
Mar 19,2023
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ယမန်နေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က တာမိုးညဲမြို့စည်ပင်သာယာစျေး၊ မိဘပြည်သူများနှင့်လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။