Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တာမိုးညဲမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 19,2023
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ယမန်နေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က တာမိုးညဲမြို့စည်ပင်သာယာစျေး၊ မိဘပြည်သူများနှင့်လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွက…
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ကွက်ပြင်ကျေးရွာနှင့် ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကုန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက်ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ငပုတောမြို့နယ် အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မုခ်ထုတ်ကျောင်းတိုက်ဆရာတော် “သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ” ဆရာတော်ကြီး၏သက်တော်(၇၀)ပြည့် ဝိဇာတမင်္ဂလာနှင့် ဂုဏဝိသိဋ္ဌပူဇော်ပွဲ မင်္…
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မုခ်ထုတ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီး၏ သက်တော်(၇၀)ပြည့် ဝိဇာတမင်္ဂလာနှင့် “အဂ္ဂမဟာဇောတိကဓဇ” ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ရွာသစ်ကွက် မုခ်ထုတ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးစာသင်တိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၃-ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါးအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်းနှင့် ၂၀၂၂-ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များ ဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ဆေးဆိုင်များ၊ စားသောက်ကုန်များနှင့် မုန့်မျိုးစုံပြုလုပ်ရောင်းချနေသော ဆိုင်များတွင် စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေး ကွင်းဆ…
Mar 19,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ စည်ပင်သာယာစျေးအတွင်း စားသောက်ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် လက်ရှိရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် DATE လွန် အစားအသောက်များ ရောင်းချမှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကာ အသိပညာပေး ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်မုတ်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး
Mar 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆောင်ကျေးရွာသွား ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး
Mar 19,2023
ကျေးလက်နေပြည်သူများ၏လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာသွား ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီး မှုအား မတ် ၁၈ ရက်နေ့တွင် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12893
Page
12894
Page
12895
Page
12896
Current page
12897
Page
12898
Page
12899
Page
12900
Page
12901
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department