လင်းခေး မတ်၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီက အဆိုပါဈေးအတွင်း မြို့နယ်တာဝန်ရှိသူတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လင်းခေးခရိုင်မီး သတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိဦးကျော်ကိုကို သက်ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင် (၃၁) ဦးတို့က ဆောင်ရွက်ခဲ့ကြသည်။ လက်တွေ့သရုပ်ပြခြင်းမပြုလုပ်မီ ဦးစီးအရာရှိက လင်းခေးမြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ် ရေး ဆောင်ရွက်ထားရှိမှုနှင့်မီးသတ်ရေးမြေပုံအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့်ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်တွေ့ ဇာတ်တိုက်လေ့ကျင့်ပြသနေမှုအား လင်းခေးခရိုင် အုပ်ချုပ်ရေးမှူးဦးနေဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများက ဈေးအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့သည် ဈေးအတွင်း မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာ ယာရေးဌာနမှ အမှုဆောင်အရာရှိဦးထွေးနိုင်နှင့် မြို့မဈေးကော်မတီဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးနေမိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင်များစုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)