အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လဟယ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်လျက် အခြေခံအင်္ဂလိပ်စာသဒ္ဒါ Grammar သင်တန်းနှင့် အခြခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က လဟယ်ပြန်/ဆက်ရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးမှဉီးစီး၍ ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရန်အတွက် မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းများသိရှိနားလည်စေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်၌ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 20,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဒေသထွက်ကုန်ကြမ်းများအပေါ်အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရန်နှင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရန်၊ ကျေးလက်ဒေသရှိ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ရှောင်လမ်းနှင့် ရေလဲလမ်းထိပ်တွင် ဆောင်ရွက်ခဲ့သည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ပြည်မြို့ "ဖူးပွင့်စ"မူလတန်းကြိုကျောင်း၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် သားငယ်/သမီးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့တပ်လမ်းရှိ တော်ဝင်ရတနာခန်းမ၌ ကျင်းပသည်။
Mar 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်း သားကျောင်းသူများ နွေရာသီအားလပ်ရက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်၊ အင်္ဂလိပ်စာ အခြေခံစကားပြောနှင့် Grammar  သင်တန်းဖွင့်ပွဲကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၇) မျိုး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။