အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အိမ်တွင်းအကြမ်းဖက်မှုများကို သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယ‌နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 20,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် စာရေးဆရာ ဖေမြင့် ရေးသားသည့် "ခေါင်းဆောင်စိတ်၊ ခေါင်းဆောင် အတွေး" စာအုပ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာပေချစ်မြတ်နိုးသူ၊ စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်၊၊
Mar 20,2023
စစ်ကိုင်းခရိုင် မူးယစ်တားဆီးရေးအဖွဲ့မှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို မတ်(၂၀) ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုကျင်းပနိုင်ရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့‌သည်။
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စစ်ကိုင်းတက္ကသိုလ်၊ ဓာတုဗေဒဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန်၊ သီးနှံအခြေခံ (ယို၊ ဖျော်ရည်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား အစဉ်အမြဲ သန့်ရှင်း သာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိသည့် ပွင့်မာလာပန်းခြံအား သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။