ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ရောင်းချပေး

ညောင်ဦး  မတ်  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင်လည်း ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက် တစ်လမ်းမှ အဆင်ပြေစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး စားသုံးဆီတစ်ပိဿာကို ၅၀၀၀ ကျပ်နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ပြီး ညောင်ဦးမြို့၊ အမှတ်(၃)၊ အောင်သပြေအနီး၊ အမှတ်(၄)၊ တိုက်ကုန်းရပ်ဓမ္မာရုံအနီးတို့တွင် Mobile ကားဖြင့်လိုက်လံရောင်းချလျက်ရှိကြောင်း၊ ယနေ့တွင် စားအုန်းဆီပိဿာချိန် ၂၇၅၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း