သတင်းများ

ဖျာပုံမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်၊ အသက် (၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန် တော့ခြင်း အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့နံနက်(၁၀)နာရီအချိန်က အထက(၁)ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
ပန်းတောင်းမြို့နယ်တွင် မိုးစပါးသီးနှံစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သရက်လိန်အုပ်စု၊ သူရဲဇီးကျေးရွာတောင်သူ ဒေါ်ဝင်းဝင်းရွှေ၏ ကွင်းအမှတ် (၈၃) သူရဲဇကွင်း ဦးပိုင် (၁၈၆) ထိုင်းနှံကောက် မိုးစပါးမျိုးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌   အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 06,2023
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးရန်အတွက်  အသိပညာပေးရေးလုပ်ငန်းများကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ အခြေခံပညာကျောင်းများ၌ ဇီဝဆိုင်ရာအချက်အလက် (Biometric)များ ဆောင်ရွက်
Oct 06,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ အသက်ဆယ်နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိပြီးသူများအား ကိုယ်ရေးအချက်အလက်ဆိုင်ရာ (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းကို ယနေ့ နေ့လယ်၁နာရီက ရှင်စောပုရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိ သည်။
မိုးကောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Oct 06,2023
ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး ပူဇော်ဦးခိုက်ကြသည့် ထုံးတမ်းစဉ်လာအရ “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းဖို့” ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ အောက်တိုဘာ(၅)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။
အင်္ဂပူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။