သတင်းများ

ဘုတလင်မြို့နယ်တွင် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာနှင့် အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး အသိပညာပေး ဆွေးနွေးပွဲနှင့် ယူရီးယား မြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနား ကျင်းပ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေ ဦးဆောင်သောဝန်ထမ်းများက ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာနှင့် အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး အသိပညာပေး ဆွေးနွေးပွဲနှင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘုတလင်မြို့နယ်ရှိ OSS ရုံး ခန်းမတွင်  ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကို ယမန်နေ့ နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ သည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Oct 06,2023
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်​မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာရဲသွေးထက် ရေးသားသော "ဘဝအတွက်ကြိမ်းသေအောင်မြင်ရေးနည်းလမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင်  မိုး၊မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၁) ဦးပိုင်အမှတ် (၁၀၀)ရှိ တောင်သူ ဦးအောင်မြင့်၏ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုးသစ် (၈)မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)စုစုပေါင်း(၉)မျိုးနှင့် မိုးချည်မျှင်ရှည်ဝါနှင့်မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ခင်းများ အားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်မှ ယမန်နေ့မွန်းလွဲ (၃)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)မှ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြောင်း သိရသည်။
မချမ်းဘောမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ
Oct 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက အထက (မချမ်းဘော) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်မြောင်းမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Oct 06,2023
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ ပြန်ကြားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်မြောင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ကလေးဝမြို့တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ပြုလုပ်ခဲ့သည်။