ဖျာပုံမြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဖျာပုံ   အောက်တိုဘာ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်၊ အသက် (၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန် တော့ခြင်း အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့နံနက်(၁၀)နာရီအချိန်က အထက(၁)ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အထက (၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက " မြတ်ဆရာ"သီချင်းဖြင့် သီဆိုဖျော် ဖြေကြပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးဇော်လွင်က ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး စောအယ်ဝါးက ဖတ်ကြားပြီးဖျာပုံမြို့နယ် အတွင်းရှိ အသက် (၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ကြပြီး၊ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)