သတင်းများ

စဉ့်ကိုင်မြို့န ယ်၌ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အငြိမ်းစားဆရာ/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အငြိမ်းစား ဆရာ/ဆရာမကြီးများအားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အ-ထ-က(စဉ့်ကိုင်)သဇင်ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Oct 06,2023
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ရန်ကင်းမြို့နယ်အမှတ်(၁၄)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 06,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်၌ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Oct 06,2023
ရန်ကုန်မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ(၄)ရက်နေ့က အမောက်ဝဲစံပြကျေးရွာတွင် စီမံကိန်းအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်း (မွမ်းမံ)သင်တန်းဆင်းပွဲကိုကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁)နာရီတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို အ.မ.က(၂)အခြေခံပညာမူလတန်းကျောင်း  ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ဗဟန်းမြို့နယ်၌ ကျင်းပ
Oct 06,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က ဗဟန်းမြို့နယ်၊​ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဓမ္မ​စေတီလမ်းရှိ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း မိုးဦးပန်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာများလှူဒါန်း
Oct 06,2023
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာလှူဒါန်းခြင်းအခမ်းနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့ ASIA World ဆိပ်ကမ်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခွဲမှုအဖွဲ့မှတာဝန်ရှိသူများ၊ ချစ်မေတ္တာဖောင်ဒေးရှင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုသောအားဖြင့် အသက်(၇၀)နှစ်နှင့်အထက် ပညာရေးဝန်ထမ်း အငြိမ်းစား ဆရာကြီး ၊ ဆရာမကြီးများအား အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(မြစ်သား)ကျောင်းကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။