ပိုင်ကျုံ အောက်တိုဘာ ၆
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သက်ဆိုင်ရာကျောင်းမှ တာဝန်ရှိသူတို့က အဖွင့်အမှာစကားပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက မိမိဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွင် အထောက်အကူပြုစေမည့် ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်စေမည့်ဆိုးကျိုးများ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောခဲ့သည်။
အသိပညာပေး ဟောပြောပွဲကို ပိုင်ကျုံမြို့ မူ(လွန်)မိုးနိုင်းကျောင်းနှင့် အ-မ-ကမိုးနိုင်းတောင် ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)