ဒေါပုံမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် သက်ကြီးဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Oct 06,2023
လူ့စွမ်းအားအရင်းအမြစ်များကို ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများအဖြစ် ပြုစုပျိုးထောင်ပေးပါသော ဆရာ၊ ဆရာမများ၏ ဂုဏ်အင်နှင့်စွမ်းပကားအား အသိအမှတ်ပြုသောအားဖြင့် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။