သတင်းများ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Oct 06,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Oct 06,2023
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ချယ်ရီခန်းမ၌ ကျင်းပသည်။
ပန်းဘဲတန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ် သက်ပြည့်ပင်စင်ယူသွားကြသော အသက်(၇၀)နှစ်အထက်  ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယ​မန်နေ့မွန်းလွဲ(၁)နာရီတွင် အ.ထ.က‌(၁)ဧကရီခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်တောမြို့၊ အခြေခံပညာအထက်တန်းကျောင်း (သဝင်ချောင်း)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော
Oct 06,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်​နေ့မွန်းလွဲပိုင်းတွင် ပေါက်တောမြို့နယ်ရှိ အခြေခံပညာ အ.ထ.က(သဝင်ချောင်း) ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
တိုက်ကြီးခရိုင်တွင် ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက် ၈၀ ပြည့်နှင့်အထက် အငြိမ်းစားဆရာကြီးဆရာမကြီးများအား ပူးဇော်ပွဲကျင်းပ
Oct 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက် ၈၀ ပြည့်နှင့်အထက် အငြိမ်းစားဆရာကြီးဆရာမကြီးများအား ပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပသည်။
ကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အခြေခံလူတန်းစားများအား စားသုံးမှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆီနှင့် ဆန်များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက်နှင့် ညောင်ပင်စျေးရပ်ကွက်တို့တွင် ရောင်းချပေးခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပ
Oct 06,2023
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ ၊ အခြေခံပညာဦးစီးဌာနမှ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ပညာရေးမှူးများနှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။