ကျိုက်မရောမြို့ အခြေခံပညာကျောင်းများ၌ ဇီဝဆိုင်ရာအချက်အလက် (Biometric)များ ဆောင်ရွက်

ကျိုက်မရော အောက်တိုဘာ ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ အသက်ဆယ်နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား ကိုယ်ရေးအချက်အလက်ဆိုင်ရာ (Biographic)နှင့် ဇီဝဆိုင်ရာ  အချက်အလက်များ ကောက်ယူခြင်းကို ယနေ့ နေ့လယ်၁နာရီက ရှင်စောပုရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အ.မ.က မူလွန်ကျောင်းရှိ အသက်ဆယ်နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသော ကျောင်းသူ၊ ကျောင်းသားများ၏ (Biometric)ဆိုင်ရာ  အချက်အလက်များ  စာရင်းကောက်ယူပြီး (Database)တွင် သိမ်းဆည်းကာဂဏန်း ဆယ်လုံးပါဝင်သည့် Unque ID နံပတ်ကတ်ပြား များကို ထုတ်ပေးခဲ့​ကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)