သတင်းများ

ရွှေတောင်မြို့နယ်တွင် ဖန်တီးရှင်လယ်ယာသုံး စက်ပစ္စည်းရောင်းဝယ်ရေးဆိုင်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြပွဲများ ဆောင်ရွက်
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်း၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်း ရောင်းဝယ်ရေးဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။
အမ်းမြို့အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Oct 06,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံ စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဒုရင်ဒုဘိုအုပ်စု၊ ယောဒေါင့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ယွန်းတန်းရပ်ကွက်၊ လှိုင်မြရှင်အခြေခံပညာ မူလတန်းကျောင်းတို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
တနိုင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က-၁ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံ စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဒုရင်ဒုဘိုအုပ်စု၊ ယောဒေါင့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ယွန်းတန်းရပ်ကွက်၊ လှိုင်မြရှင်အခြေခံပညာ မူလတန်းကျောင်းတို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးအပ်
Oct 06,2023
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၃၄ ခုနှစ်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အသိပညာပေးဆွေးနွေးခြင်းနှင့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်‌နေ့က သနပ်ပင်မြို့နယ်၊ ကလိုင်ကျေးရွာနှင့် ကသဲကုန်းကျေးရွာများသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအားပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Oct 06,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌ မုန့်မျိုးစုံ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မုန့်မျိုးစုံ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခြင်းဖြင့် မိသားစုအတွက် ဝင်ငွေရရှိကြောင်း သိရသည်။