မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မြောင်းမြ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဋ္ဌမအကြိမ်မြောက်  မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင်  မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် တာဝန်ထမ်းဆောင် အငြိမ်းစားယူ ကွယ်လွန်သွားခဲ့သော ကန်တော့ခံ ဆရာကြီးဆရာမကြီးများအား ရည်စူး၍ သံဃာတော်အရှင်မြတ်များ ပင့်ဖိတ်အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပြီးရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက်  အငြိမ်းစားယူခဲ့ကြသည့် အသက် ၆၀ နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၁၀၄) ဦးအား ကျောင်းသား ကျောင်းသူဟောင်းများက ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။ ဆက်လက်ပြီး ကန်တော့ခံဆရာကြီး ဆရာမကြီး ၅ ဦးက ဆုံးမသြဝါဒ စကားများ မြွက်ကြားချီးမြှင့်၍ ကျောင်းသားကျောင်းသူဟောင်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို  ရုပ်သိမ်းခဲ့သည်။

ခရိုင်ပြန်ဆက် (မြောင်းမြ)