လဲချားတွင် ​ကျောင်းသားနှင့်ကိုယ့်ကိုကိုယ်စီမံခန့်ခွဲခြင်း အသိပညာပေး(Talk Show)ကျင်းပ

လဲချား အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်(Community Centre)တွင် ကျောင်းသားနှင့်ကိုယ့်ကိုကိုယ်စီမံခန့်ခွဲခြင်း အသိပညာပေး(Talk Show)ကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် အသိပညာပေး(Talk Show)များ ကျင်းပပြုလုပ်ရခြင်းကို ပြောကြားခဲ့ပြီး G(10)ကျောင်းသား မောင်အောင်စစ်ပိုင်မှ စီမံခန့်ခွဲခြင်းဆိုတာဘာလဲ၊ ကိုယ့်ကိုကိုယ်စီမံခန့်ခွဲတတ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲဟူ၍လည်းကောင်း၊ ကျောင်းသားမောင်အောင်မြင့်မြတ်မှ အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမလဲ၊ ခွန်အားကို ဘယ်လိုစီမံခန့်ခွဲရမလဲ ၊  စဉ်းစားတွေးခေါ်မှုတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲ စသည့်သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုအပေါ် ဉီးစီးအရာရှိ ဒေါ်ခင်ချိုထွေးက အသေးစိတ် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 လဲချား(မြို့နယ်၊ပြန်/ဆက်)