သတင်းများ

စဉ့်ကူးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘုံဆွမ်းလောင်းလှူပွဲကျင်းပ
Oct 07,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် တော်သလင်း လပြည့် ဥပုသ်နေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ဘုံဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ် အ-လ-က(ခွဲ) ရေလျှံကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Oct 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန၊ အား/ကာ ဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက အ-လ-က(ခွဲ)ရေလျှံကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Oct 07,2023
မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး မှိုင်းပန်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများကွန်ကရစ် ခင်းပေး
Oct 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများအား မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းစေရန်နှင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကျေးလက်နေပြည်သူများ စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မှိုင်းပန်ကျေးရွာတွင် စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် (၁၅၀) သိန်းနှင့် ပြည်သူထည့်ဝင်ငွေ (လုပ်အား) များဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ (၂၀) ကြိမ်မြောက် ဘုန်းတော်ကြီးကျောင်းများသို့ တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Oct 07,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက လစဉ် ဘုန်းတော်ကြီး ကျောင်းများသို့ တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ (၂၀)ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ဝမ်ပုံကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။
နတ်တလင်းခရိုင် စုပေါင်းရုံး RC (၃)ထပ် အဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Oct 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နတ်တလင်းခရိုင် စုပေါင်းရုံး RC(၃)ထပ် အဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်၊ ကံကြီးလမ်းတွင် ကျင်ပပြုလုပ်ခဲ့သည်။
မုဒုံမြို့တွင် နွေစပါးစိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
Oct 07,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က ထုံမံ ကျေးရွာ၌ ပြုလုပ်သည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Oct 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ "အနာဂတ်ကို မျှောတွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။