သရက် အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အခြေခံပညာကျောင်းများတွင် ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ သရက်မြို့နယ်အတွင်းမှ ရေဘွတ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ သရက်မြင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ဂုမ္မဏီကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ကျောင်းဆောင်ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လှည် ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)