သတင်းများ

မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ မတည်၍ စွမ်စော်မူလွန်ကျောင်းရှိ ကျောင်းသား/သူ(၇၀၃)ဦးအား ကန်စွန်းဥနို့သာကူ အာဟာရဖြစ်ကျွေးမွေးလှူဒါန်း
Oct 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ စွမ်စော်မူလွန်ကျောင်းရှိ ကျောင်းသား/သူများအား မြိုနယ်အုပ်ချုပ်ရေးမှူးမှမတည်၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အာဟာရဖြစ် ကန်စွန်းဥနို့သာကူ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ထွန်းနှင့် တာဝန်ရှိသူများက မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 07,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Oct 07,2023
၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာဆင့်ပွားသင်တန်းကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ တိုင်းရင်းဆေးအသိပေးခြင်း ကွင်းဆင်းကုသပေး
Oct 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ထော်သိုကျေးရွာအုပ်စု၊ အလံအုပ်ကျေးရွာရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးဌာနရှိ အမျိုးသမီးများအား မိုးတွင်းကာလဖြစ်ပွားတတ်သော တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လုံမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ အ​​ခြေခံမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား
Oct 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အ.လ.က(၃)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နေ့လည်(၂)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ကောလင်းမြို့မြောက်အင်း (အ-လ-က)ခွဲကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Oct 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ မြောက်အင်း (အ-လ-က) ခွဲကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်၊ ကြူဝန်းကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် ကျောင်းဆောင်သစ်ဆောက်လုပ်မှုကို တာဝန်ရှိပုဂ္ဂိုလ်များကြည့်ရှုစစ်ဆေး
Oct 07,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကြူဝန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား စလင်းမြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကမ္ဘ့ာဆရာများနေ့နှင့် အယ်လ်နီညိုသက်ရောက်မှုကြောင့် သီးနှံများထိခိုက်မှုမရှိစေရေး အသိပညာပေး အခမ်းအနားတက်ရောက်
Oct 07,2023
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့နယ်ပညာရေးမိသားစုမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့နှ င့်သက်ပြည့်ပင်စင်စားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။