ဓနုဖြူ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၉နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အနေဖြင့် အောင်ချက်မြင့်မားရေးကြိုးစားဆောင်ရွက်ကြရန်၊ မြို့နယ်၏ ပညာရေး အဆင့်အတန်းကို ပိုမိုမြင့်မားရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပူးတွဲမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်အောင်စိန်က အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးရမည့် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အ.ထ.က(ပြင်ကသာ) ကျောင်းအုပ်ဆရာကြီး ဦးနိုင်မင်းအေးနှင့် အ.ထ.က(ခွဲ) လက်ပန်ဇင်ကျွန်းကျောင်းအုပ်ဆရာကြီး ဦးလင်းလင်းထွန်းတို့ကအလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်သင် ဆရာ၊ဆရာမများက သက်ဆိုင်ရာစာသင်ခန်းများတွင် ဘာသာရပ်များနှင့်ပတ်သက်၍ ခေါင်းစဥ်အလိုက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ ဓနုဖြူမြို့နယ် ခတ္တမြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်အောင်စိန်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်သင် ဆရာ၊ဆရာမများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)