ပုံပါကျင်မြို့၌ ရေရရှိရေးအတွက် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပုံပါကျင် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ နမ့်ချန်‌ရေထွက်၌ စည်ပင်သာယာရေးဦးစီး ဌာန၊ ကျိုင်းတုံပြည်နယ်ရုံး၊ ဒုတိယအင်ဂျင်နီယာ မှူးကြီး ဦးစိုးသန်းနှင့် အင်ဂျင်နီယာမှူး ဦးထွေးအောင်၊ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး၊ ဦးစိုင်းအောင်ဆမ်၊ ပုံပါကျင်စည်ပင်သာယာရေး ဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်ထက်တို့သည် ရေရရှိရေးအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပုံပါကျင်မြို့ နမ့်ချန်ရေထွက်သို့ ကွင်းဆင်းစစ်ဆေးတိုင်းတာပြီးနောက် လက်ရှိမြို့ရေပေးလျက်ရှိသော ရပ်ကွက်(၁၊ ၂၊ ၃) ရေကန်များအား  ရေထုတ်နိုင်မှု ရေသန့်ရှင်းမှု ရှိ၊ မရှိနှင့် ပြည်သူများ ရေကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအား ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ ကျေးရွာကော်မတီများက လိုက်လံရှင်းလင်း ပြသကြကြောင်း သိရသည်။

ထို့နောက် ဒုတိယအင်ဂျင်နီယာမှူး  ဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် မြေအောက်ရေတိုင်းတာခြင်း ကို ဆက်လက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)