ဒေးဒရဲ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ် ၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာပေါက်ပေါက်ရေးသားသည့် စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာစာအုပ်ပါ “သတိချပ်ပါ ဖေ့စ်ဘွတ်ခ်ရောဂါ” ဆောင်းပါးနှင့် ဖေဖေမေမေနှင့် ဆယ်ကျော် သက်ရတနာ ဆောင်းပါးကို စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ကင်ဆာရောဂါလို အမြစ် တွယ်နေတတ်သော ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းဟာ ရောဂါတစ်မျိုးဖြစ်ပါကြောင်း လူမှုသတင်း မီဒီယာကို သတိရှိစွာသုံးစွဲဖို့လိုပါကြောင်းနှင့် ဆယ်ကျော်သက်အရွယ်ဟာ မတင်းကြပ်သင့်ပါ ကြောင်း မိဘများပဲ့ကိုင်မှုက အရေးကြီးပါကြောင်း သို့မှသာ နိုင်ငံတော်အတွက် အားထားရမည့် ကြယ်ပွင့်ကလေးများအဖြစ် လင်းလက်လာမည်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေး ခဲ့ကြ သည်။
ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများ သို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အေဇာလင်း