သတင်းများ

ဆွာချောင်းရေလှောင်တမံ ရေအမှတ် ၃၀၈.၈၀ ပေနှင့်  ယာယီ‌‌ရေ‌လှောင်တမံရေပိုလွှဲမှ ၃.၈၀ ပေခန့်ရေကျော်နေမူအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Oct 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် နွေစပါးရေပေးဝေရေးအတွက် ယာယီတည်ဆောက်ထားသည့် ဆွာချောင်းရေလှောင်တမံ ရေအမှတ် ၃၀၈.၈၀ ပေနှင့် ယာယီ‌‌ရေ‌လှောင်တမံရေပိုလွှဲမှ ၃.၈၀ ပေခန့်ရေကျော်နေမူအား ဆည်မြောင်းတည်ဆောက်ရေး(၆)မှ ညွှန်ကြားရေးမှူးဦးကောင်းမြတ်သိန်းနှင့်အဖွဲ့၊ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Oct 12,2023
မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌  ကျောင်းသူကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့နယ် မဒေါ့ပင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ ဆွေးနွေးရှင်းလင်းပွဲကျင်းပ
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) အကောင် အထည်ဖော်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များ ဆွေးနွေးရှင်းလင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 12,2023
နိုင်ငံ့ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးနှင့် အလုပ်တာဝန်များကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီခွဲက ပြည်နယ် ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ လမ်းဦးစီးဌာနမှ အများပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  ယမန်နေ့ နံနက်ပိုင်းက ကျိုင်းတုံ-တာလေ−တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေတိုးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ်(၅)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Oct 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစာင်ပြပွဲကျင်းပခဲ့သည်။
အမ်းမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောအားက စားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘော်လီဘောအားကစားအသင်း လေ့ကျင့်သင်ကြား
Oct 12,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင် ဘော်လီဘောအားကစားအသင်း အောင်မြင်မှုရရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။