နမ့်ခမ်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများစာဖတ်ရှိန် မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ယမန့်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသူ၊ ကျောင်းသားအား စာဖတ်မှသာ မိမိဘဝ တိုးတက်လာမည် ဖြစ်ကြောင်း၊ စာဖတ်အားကောင်းသူများဟာ သူများထက်ကိစ္စတိုင်းကို ခေါင်းအေးအေးနှင့် ဆုံးဖြတ်ချက်မှန်ကန်စွာ ချနိုင်ပါကြောင်းနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအား ဟောပြောဆွေးနွေးခဲ့ပါကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထက်မြက်သူကကလေးအလုပ်သမား ပပျောက်ရေးအကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်းဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးများအကြောင်း၊ လူကုန်ကူးမှုများအကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ အကြောင်းကို ကျောင်းသူ၊ ကျောင်းသားများအား အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
နမ့်ခမ်း(ပြန်/ဆက်)