စစ်ကိုင်းမြို့ ရွှေမင်းဝံ (အ.ထ.က) ကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး
Oct 12,2023
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံ၊ အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။