ဟုမ္မလင်းမြို့နယ်၊ အ.ထ.က(၁)၊ အ.ထ.က ကက်သာကျောင်းများ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး

ဟုမ္မလင်း​ အောက်တိုဘာ ၁၂

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးအတွက် ယမန်နေ့၊  ​နေ့လည်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဟုမ္မလင်းမြို့နယ် အ-ထ-က ကက်သာကျောင်းများသို့ သွားရောက်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ​ဟုမ္မလင်းခရိုင်ပညာရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ အ-ထ-က ကက်သာကျောင်း သို့သွားရောက်စစ်‌ဆေးပြီး၊ ခရိုင်ပညာရေးမှူးနှင့် ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူက ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ၊ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုလျှောက်ထားရာတွင် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်နှင့် အညွှန်းကိန်း(၁၇) ချက်ဖြင့်သာ ဆုရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဆုရွေးချယ်ရေးကော်မတီဝင်များက ‌ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း(၄)ချက်၊ အညွှန်းကိန်း(၁၇)ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များကမိမိတို့ ကျောင်းများတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံပြသခဲ့ကြကြောင်း သိရသည်။

ယင်းသို့ကွင်းဆင်း အကဲဖြတ်စစ်ဆေးခဲ့သည့် ရလဒ်များအပေါ်မူတည်၍ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့် ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှဆု ရွေးချယ်ကာ ဆုရကျောင်းများကို တိုင်းဒေသကြီးနှင့်ခရိုင်များက ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)