သတင်းများ

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အ.မ.က ရေလယ်သောင်ကျောင်းကုန်းအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့သော နေရာတွင် ရေပေါ်ရေလွှဲတန်းနှင့် Floating Unit များ ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တောင်ပို့တစ်ရာကျေးရွာအုပ်စု အ.မ.က ရေလယ်သောင်ကျောင်းကုန်းအနီး ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ သော နေရာတွင် ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များ ပြုလုပ်နေမှုအား ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကမ်းပြိုကမ်းစားမှု သက်သာစေရန် ဆောင်ရွက်ထားရှိ မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Oct 12,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ဆရာမခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
မိုင်းယောင်းမြို့တွင် မီးခိုးမြူငွေ့ဖုံးလွှမ်းမှုမဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြော
Oct 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသတွင်း မီးခိုးမြူငွေ့ ဖုံးလွှမ်းမှု မဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ အမှတ်(၄)ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ ရန်နိုင် အ.ထ.က (ခွဲ)သို့ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေး
Oct 12,2023
စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်နိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ‌ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Oct 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးအသိပညာပေးဟောပြော​ခြင်း မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်
Oct 12,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ စိုက်ပျိုးသီးနှံများအထွက်တိုးစေပြီး ဝင်ငွေများတိုးပွားစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးဟောပြောခြင်းနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိကျေးရွာလေးရွာ၌ ဆောင်ရွက်သည်။
ဟင်္သာတမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများ အဟာရပြည့်ဝစေရေးနွားနို့နှင့် အဟာရပြည့် အစာများတိုက်ကျွေး
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အဟာရပြည့်ဝစေရေး နွားနို့နှင့်အဟာရပြည့်အစာများ တိုက်ကျွေးခြင်းကို ယမန်နေ့က သံကြိုးတန်းအုပ်စု မန်းကုန်း အ.ထ.ကခွဲ ကျောင်းတွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ ဆောင်းနေကြာများ စတင်စိုက်ပျိုး
Oct 12,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ဒေသတွင်း စားသုံးဆီဖူလုံရေး  ဆီထွက်သီးနှံ ဆောင်းနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။